ကြို့ပင်ကောက် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွှေကြို့မြေဘိုးဘွားရိပ်သာရှိဘိုးဘွားများအား Biometric Data ကောက် ယူ၍ UID(Smart Card)များကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကျော်ဇေယျမှ အားပေးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Biometric Data ကောက်ယူ၍ UID(Smart Card)များထုတ်ပေးခြင်းနှင့် ရိပ်သာအိမ်ထောင်စု စာရင်းပြုလုပ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကျော်ဇေယျနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးကျော်စိုးတို့က ဘိုးဘွားများအားပေးအပ်ခဲ့ကြသည်။
ရွှေကြို့မြေဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား Biometric Data ကောက်ယူ၍ UID(Smart Card)များကို အဘိုး ၇ ဦး၊ အဖွား ၁၄ ဦးနှင့် ရိပ်သာဝန်ထမ်း ၆ ဦးတို့အားပြုလုပ်ပေးခြင်းကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများအရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်စိုးမှပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)