ငပုတောမြို့နယ်ပညာရေးမှူးရုံး၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ငပုတော ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မိုးမိုးအေးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်း ကျောင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာအခမ်းနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရာကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဝေဠုဝန်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝဏ္ဏသာမိအရှင်သီမြတ်ထံမှ ငါးပါးသီလခံယူစောက်တည်ကြသည်။ ဆက်လက်၍ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးနှင့် မိဘဆရာအသင်းကျောင်းကော်မတီအဖွဲ့ဝင်များက ပင့်ဖိတ်သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အနုမောဓနာတရားနာယူပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ခဲ့ပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)