မြန်အောင် သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနှစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကမြန်အောင်ရေနံမြေ လုပ်သားခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ညွန့်က မြန်မာ့အီလက်ထရောနှစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြန်အောင် ရေနံမြေဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုမဲဆန္ဒရှင်ပြည်သူများအား မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)