ကျိုက်လတ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ကျိုက်လတ် သြဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသက်ဦးဟန်နှင့် ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ရီတို့က ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်၊ မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများနှင့်ဌက်ဖျားရောဂါများ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ ရဲရင့်အောင်က KG မှ Grade-5 ထိ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှအဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်