ကန်ကြီးထောင့် ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်ကျေးရွာရှိ ဘဲမွေးမြူရေးခြံအား ယမန်နေ့ နေ့လယ်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်ကျေးရွာရှိဦးလင်းလင်း၏ဘဲမွေးမြူရေးခြံတွင် ဘဲကောင်ရေ (၁၈၀၀) ကောင်မွေးမြူထားရှိမှု အခြေအနေများအား လာရောက်ကြည့်ရှုခဲ့ကြသည်။
ထိုသို့လာရောက်ကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး