ရေတာရှည် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပညာရတနာကိုယ်ပိုင်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသပွဲကို ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နီလာဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သော်ဇင်အောင်က ကလေးသူငယ်အခွင့်ရေးများဆိုင်ရာဥပဒေများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား များ၏အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)