ကန်ကြီးထောင့် ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် World Visoin တို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(တတိယပတ်)လှုပ်ရှားမှု အခမ်းအနား(ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်)အား ယမန်နေ့နံနက်ပိုင်းကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဦးလှိုင်က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်မာလွင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ငါးနှစ်အောက်ကလေးငယ်များနှင့် စံပြမိခင်များအား ဆုချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြပြီး ဆုရရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)