ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ညောင်တုန်း ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ‌ညောင်တုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်မှတ်စုရပ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဦးသိန်းဝင်းက မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းအကြောင်းအရာများနှင့်ဆန္ဒမဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီးမဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေး လေ့လာ ခဲ့ကြသည်။

အဆိုပါ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရပ်ကွက်ကျေးရွာအုပ်စု ၅၄ အုပ်စုရှိ သက်မှတ်စုရပ်များသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

မြို့နယ်(ပြန်ဆက်)