ရေတာရှည် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမားရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အ.ထ.က ရေတာရှည်အောင်ဆန်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဦးစြာ ကျောင်းကျန်းမာရေး သီတင်းပတ်ကျန်းမာရေးစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ နန္ဒာညီဆွေနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် လက်သည်းခြေသည်း စစ်ဆေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး၊ မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား အထွေထွေကျန်းမာရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းကျန်းမာရေး သီတင်းပတ်ဆောင်ရွက်ခြင်းလုပ်းငန်းများကို ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)