ဘိုကလေး ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ယခုလဩဂုတ်လမှစ၍ စတင်ကွင်းဆင်း၍ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်အမှတ်(၁၀)ရပ်ကွက်၊ စံပယ်ကုန်းကျေးရွာအုပ်စုနှင့် လွှတောင်စုကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများ ဦးဆောင်ကွင်းဆင်း၍ (၁၆)နှစ် နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ဘိုကလေးတစ်မြို့နယ်လုံးရှိ ရပ်ကွက်/ကျေးရွာများအားလုံးသို့ ဆက်လက်ကွင်းဆင်း၍ အဆိုပါလုပ်ငန်းစဉ်များအား ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)