သာယာဝတီ သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခန့်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက သင်တောရိုးအုပ်စုအတွင်းရှိ နွေစပါးစိုက်ခင်းများအတွင်း နွေစပါးများအား စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးကွဲများကင်းစင်ရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို နွေစပါးစိုက်တောင်သူများနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် သင်တောရိုးကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများ၏ ရေမြေနှင့်ကိုက်ညီသော နွေစပါးမျိုးစေ့ထုတ်လုပ်နိုင်လျှင် အခြားဒေသများမှ မျိုးစပါးများဝယ်ယူပို့ဆောင်ရေး စရိတ်သက်သာ၍ အဆင်ပြေချောမွေ့စေရန်၊ တောင်သူများလိုအပ်သည့် အချိန်တွင် ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစေရန်နှင့် မျိူးစေ့ထုတ်သော တောင်သူကိုယ်တိုင်များလည်း မျိုးကောင်း/မျိုးသန့်များ ထုတ်လုပ်နိုင်လျှင် ဈေးနှုန်းမြင့်များ ရရှိလာမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)