မင်းလှမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် UID (Unique Identity) ကွင်းဆင်းဆောင်ရွက်ပေး

မင်းလှ ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင်အဆင်ပြေစေရန်နှင့် မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ Biometric ကောက်ယူပြီး (UID) Unique Identity ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့က ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ကွင်းမြို့၊ ရွှေတောင်တန်းရပ်ကွက်အတွင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးဦးအောင်ကြည်ဦး နှင့်ဝန်ထမ်းများက UID (Smart Card) မပြုလုပ်ရသေးသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို Biometric ကောက်ယူပြီး (UID) Unique Identity ထုတ်ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိရပ်ကွက်/ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)