ဖြူး ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၆ ရက်နေ့နံနက်ပိုင်းကစတင်ကာ ဖြူးမြို့ပေါ် မြို့မ(၁)၊ မြို့မ(၂) အ.လ.က (ခွဲ)ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ဌက်ဖျားဌာနမှ ဦးဇော်လင်းမောင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ပေါက်ပွားမှုမရှိစေရေး ကျောင်းဝန်းအတွင်းရှိ ရေလှောင်ကန်များအား (ဖုံး၊ သွန်၊ လဲ၊ စစ်)ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်းနှင့်အသိပညာပေးနံရံကပ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ကျောင်းပေါင်း(၂၁)ကျောင်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)