နတ်တလင်း သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို အ.ထ.က နတ်တလင်းကျောင်း၌ သြဂုတ် ၁၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲများ ကျင်းပရာတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၂၂)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၂၃)ဦး၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် (၂၅)ဦး၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် (၂၇)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် (၂၃)ဦး၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် (၂၆)ဦး၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် (၃၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၈၂)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)