​အုတ်တွင်းမြို့နယ်၌ မြန်မာအီလစ်‌‌ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသ

အုတ်တွင်း ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာအီလစ်‌‌ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြသခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်()နာရီအချိန်က အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်း ပညာရတနာခန်းမကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအဏ္ဏဝါအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူးဒေါ်မေသဇင်ထွန်းက မြန်မာအီလက်ထ​ရောနစ်မဲပေးစက(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၀၀) ဦးတို့က လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်အနေဖြင့် ယနေ့အချိန်အထိနိုင်ငံရေးပါတီ(၇)ခုမှတ်ပုံတင်ထားရှိကြောင်းနှင့် ဒေသခံပြည်သူများအား(MEVM)စက်နှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှနိုင်ရေးအတွက် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)