မုဒုံမြို့၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မုဒုံ သြဂုတ် ၁၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသီဆို၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာလမင်းထက်က ကျောင်းအခြေပြုကျန်းမာမှု အသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း (အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး)၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး၊ အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လက်ဆေးနည်းအဆင့်ဆင့်၊ နည်းစနစ်မှန်သွားတိုက်ခြင်း သရုပ်ပြခြင်း၊ အာဟာရအုပ်စု()စုပါဝင်သော အစားအစာများအကြောင်းကို မေးခွန်းအမေး/အဖြေများဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ပေးခဲ့ပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေး၍ လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ကာ အာဟာရများကျွေးမွေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)