ကျွန်းလှ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၇၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံကို မိုးရာသီနဲ့ဆောင်းရာသီမှာ အဓိကစိုက်ပျိုးကြပါတယ်။ ဒီနှစ်မိုးရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ ၇၃၁၄ ဧကလျာထားပြီး ၇၃၂၄ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ဆီထွက်သီးနှံ စိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်မည်းစနစ်မှန်ကန်ရေးနှင့် ပိုးမွှားကျရောက်မှုကင်းစင်ရေးတို့ကို အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် မြေပဲ ၇၂၄၅ ဧက၊ နေကြာ ၁၂ ဧက၊ နှမ်း ၆၇ ဧက စိုက်ပျိုးပြီး ယခုအခါ မြေပဲစိုက်ခင်းများ နုတ်ယူဆွတ်ခူးနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ