ဆိပ်ဖြူ သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (၂၉၀၀) ဧကကျော် စိုက်ပျိုးပြီးစီး၍ တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးကို စိုက်ပျိုးဧက (၁၀၅၃၆) ဧက စိုက်ပျိုးဆောင်ရွက်နိုင်ရန်ရည်ရွယ် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးပြီး မိုးစပါး မိုးစပါး(၂၉၀၈) ဧကကျော်ကို ဒေသခံတောင်သူများက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာနတို့ထံမှ စိုက်ပျိုးရေးနည်းပညာ၊ စိုက်ပျိုးရေရရှိရေးနည်းလမ်း လျှပ်စစ်မြစ်ရေတင်စနစ်၊ အစိုးရဆည်ကြီးများနှင့် ဆည်ငယ်/ကန်ငယ်၊ မြေအောက်ရေတင်စနစ်နှင့် မိုးကောင်းသောက် နည်းပညာအသွယ်သွယ်တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧရိယာ၌ မိုးစပါး (၅၅၅) ဧကနှင့် အခြားသီးနှံ (၉၄၅) ဧကအတွက် စိုက်ပျိုးရေ ပြည့်ဝစွာဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ထားရှိသလို၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနက ဆည်တမံ(၆)ခုမှ (၈၀၃) ဧက စိုက်ပျိုးရေပေးဝေဆောင်ရွက်လျက်ရှိကြောင်း၊ ဆည်ငယ်/ကန်ငယ်၊ မြေအောက်ရေတင်စနစ်နှင့် မိုးကောင်းသောက် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် ရရှိသော မိုးရေဖြင့် မိုးစပါးကို ဆက်လက်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာဌာနများနှင့် ဒေသခံ တောင်သူများထံမှ ပြောကြားသိရှိရသည်။
စိုးလင်းနိုင်(IPRD)