ပြည်တက္ကသိုလ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်

ပြည် ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ဩဂုတ်လ ၁၆ ရက်နေ့က ပြည်မြို့နယ်၏   ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ‌ဆောင်ရွက်ရာ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့်ပါမောက္ခ (ဌာနမှူး)များ၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ဆရာမများတက်ရောက်ကြသည်။

ဦးစွာဘွဲ့နှင်းသဘင်ခန်းမ၌ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဇော်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)မှ ညွှန်ကြားရေးမှူးဒေါက်တာချစ်ကိုကိုတို့က တက်ရောက်လာသောပြည်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် သင်ကြားရေး ဆရာ၊ ဆရာမစုစု‌ပေါင်း(၃၈၆)ဦးအား တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်အကြောင်းအရာများကိုဆွေးနွေးဟောပြောသည်။

ထို့နောက်အလုပ်ရုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများက ယမန်နှစ်‌ဆောင်ရွက်ခဲ့သည့်တက္ကသိုလ်ဝင်စာမေးပွဲ၏ အားသာချက်၊ အားနည်းချက်များကို စိစစ်လေ့လာသုံးသပ်အဖြေရှာခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်ပူးပေါင်းဆောင်ရွက်မည့် သင်ကြား/စီမံကိစ္စရပ်များနှင့်ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)