ဟုမ္မလင်း ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(မှန်ပင်)ကျေးရွာတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၁၇) ရက်နေ့ နံနက် (၉) နာရီက သုဓမ္မရံသီဓမ္မာရုံကျောင်းတိုက်တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့က သက်ငယ်မုဒိမ်းအကြမ်းဖက်မှုကာကွယ်နည်းအကြောင်းလည်းကောင်း၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က စာဖတ်သူနှင့်စာမဖတ်သူ ခေါင်းစဥ်ဖြင့် ဘယ်သူတွေဘာပြောနေနေ၊ မင်းကိုမင်းချစ်ရင် ပညာသင်ပါ၊ စာဖတ်ပါ၊ မိဘကို ချစ်ရင်ပညာသင်ပါ၊ စာဖတ်ပါ၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်ရင် ပညာသင်ပါ စာဖတ်ပါ၊ စသည့်ဖြင့်အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးဌာနမှ ဒေါက်တာ စိုင်းနောင်နောင်က မြန်မာ့တိုင်းရင်းဆေးအကြောင်း သိကောင်းစရာအကြောင်း ရှင်းလင်းဆွေးနွေးပြီး၊ သက်ကြီးဘိုးဘွား (၃၀) ဦးကို အပ်စိုက်ကုသနည်း၊ ကြပ်ထုပ်ထိုးကုသနည်း၊ ဆေးစည်းဆေးကပ်ခြင်း၊ သောက်ဆေးများပေးခြင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး နံရပ်ကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့်အဖွဲ့ဝင်များက မှန်ပင်ကျေးရွာမှ အသက် (၈၀) နှင့်အထက် သက်ကြီးဘိုးဘွား (၃) ဦးနှင့် မသန်စွမ်းသူ (၁) ဦး တို့အား အာဟာရနှင့်ငွေသားများအား ပေးအပ်ခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင် (၅) ဦးအား တစ်ဦးလျှင် အာဟာရနှင့်အိုင်အိုဒင်းဆားများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)