ရေတာရှည် ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြန်မာအီလစ်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲပေးနည်းလက်တွေ့သရုပ်ပြ မဲပေးခြင်းကို ယနေ့နံနက် (၁၁) နာရီက မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ထက်ထက်ကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသေးစိတ်သရုပ်ပြ ရှင်းလင်းပြသပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊စာ ရေးများ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများစုစုပေါင်းအင်အား (၄၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ တက်ရောက်လာသော ပြည်သူများက သိလိုသည့် အကြောင်းအရာများ မေးမြန်းခဲ့ရာ မြို့နယ်ရွေးကောက်ပွဲအရာရှိမှ ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ရေတာရှည်မြို့နယ်တွင် ဒေသခံပြည်သူများအား MEVM စက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)