ကျွန်းလှ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်က အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်တင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပို့ချမည့် ဘာသာရပ်ဆိုင်ရာများအကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်တည်ဆောက်ပုံ နည်းလမ်းများ၊ ပါဝင်သည့်စက်ပစ္စည်းများ၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြသည့်စက် စသည့် အစိပ်အပိုင်းများ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြနိုင်ရန် စာတွေ့လက်တွေ့သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်ကြမည့် သင်တန်းသား၊ သင်တန်းသူ ၁၂၆ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို