စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာ ဖြစ်သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်း ဩဂုတ် ၁၆

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ သင်တန်းခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်ဥပဒေအရာရှိ ဦးထွန်းလင်းက သင်တန်းပို့ချခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်းက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းသား၊ သင်တန်းသူများအား   သင်တန်းဆင်းလက်မှတ်များနှင့် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုဖွင့်လှစ်ခဲ့သော ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ မူယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ စသည့် ဘာသာရပ်များပို့ချပေးခဲ့တာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၆၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)