ပေါက်ခေါင်း ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများနှင့် ရပ်ကွက်ကျေးရွာများအတွင်းရှိ ခြင်ပေါက်ဖွားနိုင်သောနေရာများ၊ ရေသိုလှောင်ကန်များ၊ ရေအိုးရေခွက်နှင့် ရေစည်များတွင် ပိုးလောက်လမ်းများ မပေါက်ဖွားစေနိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ခိုအောင်းနိုင်သည့် အဆောက်အအုံများအတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သွေးလွန်တုပ်တွေးရောဂါမဖြစ်ပွားစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများကို အပတ်စဥ်အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)