ပေါက်ခေါင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပေါက်ခေါင်း  ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVE)ကို အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ သရုပ်ပြပွဲကျင်းပနိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိမှု၊ စက်ပစ္စည်းကိရိယာများအား စနစ်တကျ ပြင်ဆင်ထားရှိမှုနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို စိတ်ချလုံခြုံသည့်နေရာ၌ဂရုတစိုက်ထားရှိမှု အစရှိသည်တို့ကို ဦးဆောင်ဆွေးနွေးပြောကြားရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်ချောမြင့်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေး ပြောကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင်ရာများက  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)