ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူ

ကျွန်းလှ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။

သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော စာချ၊ စာသင် ဆရာတော် သံဃာတော်များအား မြို့ပေါ်ရပ်ကွက်မျာရှိ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စည်းများ အပတ်စဉ်လောင်းလှူကြသည်။

ထို့အပြင် ဆရာတော် သံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူဟောင်းများ၊ ရပ်ဝေးရပ်နီးကုသိုလ်ရှင်များက ဆွမ်းကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)