မုံရွာမြို့၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်

မုံရွာ  ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မုံရွာမြို့ပေါ်အတွင်းလမ်းသွားလမ်းလာကြသော ပြည်သူများအတွက် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းစေးရေးအတွက် ရည်ရွယ်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများတဆကို ယမန်နေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ စစ်ကိုင်းတိုင်း​ဒေသကြီးစည်ပင်သာယာ​ရေးအဖွဲ့ရုံး​ရှေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်စီမံခန့်ခွဲရေးနှင့် ‌အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် နှင့်အတူ အမှတ်(၁၇)ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မိုး​ကျော်၊ အမှတ်(၁၁၄)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ​ကောင်းမြတ်သူ ဦးစီးပူးပေါင်းအဖွဲ့က မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ စစ်ကိုင်းတိုင်း​ဒေသကြီး စည်ပင်သာယာ​ရေးအဖွဲ့ရုံး​ရှေ့တွင် ဆိုင်ကယ် စီးနင်းသူ ၇၉ ဦး၊ ​နောက်ထိုင် ၄၈ ဦး ​ပေါင်း ၁၂၇ ဦးအားဆိုင်ကယ်စီးနင်းသူနှင့် ​နောက်ထိုင်လိုက်ပါသူများအားလုံး ဆိုင်ကယ်စီးဦးထုပ်​ဆောင်း၍ ​မေးသိုင်းကြိုးတပ်ဆင်ရန်၊ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များ စီးနင်းခြင်းမပြုရန်၊ ​ဆိုင်ကယ်​ရှေ့မီးအနိမ့်ကို ​နေ့/ည အချိန်တိုင်း ဖွင့်၍ ​မောင်းနှင်ရန်၊ ​ဘေးတွဲဆိုင်ကယ်များ အသုံးမပြုရန် ပညာ​ပေး​ဆောင်ရွက်၍ လက်ကမ်းစာ​စောင်များ ဖြန့်​ဝေပညာ​ပေး​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)