မင်းဘူး ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးကအဖွင့်အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က အနာဂတ်လူငယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝ ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အနာဂတ်မျိုးဆက်လူငယ်များအတွက် အခြေခံအခွင့်အလမ်းကောင်းများ ရရှိ၍ လူငယ်များ၏ အတွကြုံ့အသစ်၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည့် အတွေးအခေါ်အသစ် ဉာဏ်ပညာအသစ်များဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းးကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီးမင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းမှ G-8 ကျောင်းသူ မခင်ဆုစန္ဒီလွင်က လူငယ်နှင့်နိုင်ငံရေး၊ G-9 ကျောင်းသူ မသဲဆုအောင်က လူငယ်နှင့် စာပေ၊ G-8 ကျောင်းသူ မမေချမ်းမြေ့ကငယ်နှင့် ကျန်းမာရေး၊ G-9 ကျောင်းသား မောင်ဇေရတုက လူငယ်နှင့်ခေါင်းဆောင်ခြင်း၊ G_9 ကျောင်းသား မောင်ဇော်ဖြိုးနိုင်က လူငယ်နှင့် အနာဂတ် စသော ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)