ပွင့်ဖြူ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့်ဇနီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်တို့က မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အတွက် ငွေကျပ်(၁၀၅၇၀၀) တန်ဖိုးရှိ သုတ/ရသစာအုပ် (၃၁)အုပ်အား ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်နှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)