ကျောက်ကြီးမြို့နယ်၌ “ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး” ဗီဒီယို(၂)ခုအား ကျောင်းသား/ ကျောင်းသူများသို့ အသိပညာပေးပြသ

ကျောက်ကြီး သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဩဂုတ် ၁၂ ရက် နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီမံညွှန်ကြားမှုအရ အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး “ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး” ဗီဒီယို(၂)ခုအား ကျောင်းသား/ ကျောင်းသူများသို့ အသိပညာပေးပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုအား တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ “ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး” သဘောတရားများကို အများပြည်သူသို့ မိတ်ဆက်ပေးနိုင်မည့် အကောင်းဆုံးဗီဒီယို(၂)ခုပေးပို့၍ နိုင်ငံတော်အဆင့် တရားဥပဒေစိုးမိုးရေး မီဒီယာပလက်ဖောင်းများတွင် ထုတ်လွှင့်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ရှင်းလင်းပြောကြားပြီး “ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး” ဗီဒီယို(၂)ခုအား ကျောင်းသား/ကျောင်းသူများအား ပြသခဲ့ကြောင်း သိရသည်။

ဗီဒီယို(၂)ခုအား အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)