ဟုမ္မလင်း ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဩဂုတ်လ ယမန်နေ့နံနက် (၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသဆောင်ရွက်ခြင်းကို ဟုမ္မလင်းမြို့ ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် တာဝန်ကျဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ နှလုံးရောဂါ၊ သွေးတိုးဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၁၁)ဦးအား အခမဲ့ စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဟုမ္မလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား ကြက်သားဆန်ပြုတ် အာဟာရဒါနပြု လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)