နန်းယွန်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

နန်းယွန်း သြဂုတ်လ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ နန်းယွန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၊ ဆေးရုံအထောက်အကူပြုကော်မတီ၊ ဆေးပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် MAM အဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံးအထောက်အကူပြုကော်မတီ၊ ဆေးပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် MAM အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်းရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်ဆေးရုံးအတွင်း လိုအပ်သည့်ဆေးဝါးများရရှိနိုင်ရေး၊ ဆေးရုံးအတွင်း ရေရရှိရေး ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆေးရုံရှိလူနာများ လျှပ်စစ်မီးခက်ခဲသောကြောင့်  မီးရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်နှင့် လူနာများအား စေတနာ၊ မေတ္တာထား ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လျက်၍ ဆေးအဖွဲ့ဝင်ကော်မတီမှ ဦးယောင်ရန်နှင့် ဦးနောက်တွန်းတို့မှ လုပ်ငန်းဆောင်ရွက်ချက်များအား ထပ်ဆင့်ဆွေးနွေးခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆေးရုံးကော်မတီအဖွဲ့ဝင်အသီးသီးမှ လုပ်ငန်းများအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)