လဟယ် ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့်သုတ/ရသ စာအုပ်စာစောင်များပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ဦးစွာ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က ကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ်နှင့် လူငယ်လူရွယ်များ ဗလငါးတန်ပြည့်စုံဖို့ စာအုပ်စာပေဖတ်ကြစို့စသည့်ခေါင်းစဉ်ဖြင့် ဟောပြောပြီးနောက် ကလေးကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပါသည်။
၎င်းနောက် လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝပြီးသုတရသစာအုပ်စာပေများကို ဖတ်မှတ်လေ့လာမှတ်သားသော အလေ့ကျင့်ကောင်များ ပြည့်ဝလာစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ်စာပေများကို ခင်းကျင်းပြသထားသည်ကို ကျောင်းသား/သူများက စိတ်၀င်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်စာစောင်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ ကျောင်းသား/သူ (၇၅) ဦးတက်ရောက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)