၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

လဟယ် ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြုရေးအထက်တန်းကျောင်း (လဟယ်) ၏ လူရည်ချွန်မောင်များကြိုဆိုပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်း ချယ်ရီမြိုင်ခမ်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နာဂဒေသ၊ ဒေသအဆင့်ပညာရေးမှူး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး လဟယ်မြို့နယ်ပညာ‌ရေးမှူးဦးအောင်လှိုင်ဝင်းက အကြံပြုဆွေးနွေးသည်။ ထို့နောက် လဟယ်မြို့ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက ကျောင်း၏တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကာ ထက်၊ လယ်၊ မူအဆင့် ကျောင်းသား/သူများအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်သည်။

၎င်းနောက် အခြေခံပညာစက် မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူများအား ဒေသ/မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တက်‌ရောက်ကြ‌သော ဌာနဆိုင်ရာတို့က အသီးသီးဆုများချီးမြှင့်ပြီး ကျောင်းသား/သူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)