ပခုက္ကူ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် ကော်မတီဝင်များ၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းသား ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သန်ချဆေးများ တိုက်ကျွေးခြင်း၊ သွားကျန်းမာရေးနှင့်မျက်စိကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ အသိပညာပေးဟောပြောခြင်း၊ အာဟာရဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်ဆေးဝါးပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)