ကျွန်းလှ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကပို့ချခဲ့သည့် စာကြည့်တိုက်ပညာများကိုအသုံးချပြီး မိမိတို့စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေဝါသနာရှင်များ အလွယ်တကူ စာပေဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းနည်းပြများကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ အခြေခံစာကြည့်ပညာသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅) ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)