ပုသိမ်ကြီးမြို့ Community Centre ၌ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ပုသိမ်ကြီး ဩဂုတ် ၁၅

ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြပွဲ၊ ပြိုင်ပွဲများနှင့်အသိပညာပေး ဟောပြောပွဲများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြပွဲပြိုင်ပွဲများ ကျင်းပရခြင်းအား ကျောင်းသားကျောင်းသူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားသည်။ အဆိုပါ အခမ်းအနားတွင် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ကဗျာရွတ်၊ ပုံပြော၊ ကျပန်း၊ ဆေးရောင်ခြယ်၊ စာစီစာကုံး စသည့်ပြိုင်ပွဲများကို ၂ ရက်ကြာ ကျင်းပပေးမည်ဖြစ်သည်။

အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ပုသိမ်ကြီး)မှ အလယ်တန်းပြဆရာမ ဒေါ်သဲအေးသန့်စင်နှင့် Grade-6 မှ ကျောင်းသား၊ ကျောင်းသူ (၃၆) ဦး တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)