ကော့သောင်း ဩဂုတ် ၁၅
ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများနှင့်အသင်းအဖွဲ့များသို့ သင်တန်းဆင်းအမှတ်တရ အင်္ကျီများပေးအပ်သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား ၅၀ ကို ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကို ရက်သတ္တနှစ်ပတ်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)