အမရပူရမြို့နယ် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်များ လာရောက်လှူဒါန်း

အမရပူရ သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် အောင်မြေသာဇံစာရေးဆရာအသင်းမှ စာရေးဆရာဒေါက်တာခွန်စိုးမိုးရေးသားသည့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းမဖြစ်စေရစာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။

ဦးစွာ အမရပူရမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌဆရာ ပြည့်ဖြိုးသီက မုဒိတာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းက မိတ်ဆက်ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်ကိုယ်စား အောင်မြေသာဇံစာရေးဆရာအသင်း စာရေးဆရာမဒေါ်နုနုကြည် (အမေ့အိမ်) က စာအုပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)