ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက်(ဗိုလ်ချုပ်လမ်း) ကွန်ကရစ်လမ်းသားတိုးချဲ့ 

ကျောက်ပန်းတောင်း၊ ဩဂုတ်-၁၅

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လွတ်လပ်ရေးရပ်ကွက် ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် ၁၈ ဒသမ ၈ သန်းဖြင့်၊ လမ်းအရှည် ပေ  ၄၅၀၊ အကျယ်ရှစ်ပေနှင့် ဒုရှစ် လက်မ တိုးချဲ့ ဆောင်ရွက်နေမှုကို ဩဂုတ်(၁၅)ရက်နေ့ နံနက်(၁၁)နာရီက   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များက  ကွင်းဆင်း စစ်ဆေး သည်။ ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်းကို ဩဂုတ် ၁၃ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  လုပ်ငန်း ပြီးစီးပါက ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသည်။ ဆက်လက်၍ အဆိုပါ လမ်းပိုင်းတွင် အသစ်ခင်းရန် ကျန်ရှိနေသည့် အရှည် ပေ ၂၅၀ ၊ အကျယ် ၁၆ ပေ၊ ဒုရှစ်လက်မကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်း(၃)ခု ပြီးစီးပါက ဗိုလ်ချုပ်လမ်းတစ် လျှောက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်မြတ်သက်နှင်းက ပြောကြားသည်။

နေအောင်(ပြန်/ဆက်)