မိုင်းတုံ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ ဩဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံ​မြို့နယ်၊ နားကောင်းမှူးကျေးရွာရှိ ​ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နားကောင်းမှူးကျေးရွာ(အေးရိပ်မြုံ)ခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်‌ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းနွမ်း‌ဖောင်နှင့် ကော်မတီဝင်များက နားကောင်းမှူးကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြည်သူများကိုယ်တိုင် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ​ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ ဒေသခံပြည်သူများတို့မှ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)