ကျောက်ဆည် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အဖြစ် ကျောင်းတွင်းအဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာ မူလတန်းလွန် ကျောင်းတွင် ကျင်းပသည်။
အဟာရကျွေးမွေးရာတွင် အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ/ဆရာမများပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ ၁၃၉ဦးအား အာဟာရ ဆန်ပြုတ်တိုက်ကျွေးကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)