ဘုတ်ပြင်း ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေဆေး၊ သံချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အ-ထ-က-ဘုတ်ပြင်းကျောင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာများနှင့် ခရိုင့်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူများက KG ကလေးများအား သွားကျန်းရေးဆိုင်ရာများနှင့် ပတ်သက်သည့်များကို အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ သွားတိုက်ဆေး၊ သွားတိုက်တံတို့အား ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအား ဗီတာမင်အေးဆေးနှင့် သံချဆေးတို့ကို စနစ်တကျတိုက်ကျွေးခဲ့ကြသည်။
ယင်းနောက် ကျန်းမာရေးဝန်ထမ်းများက မူလတန်းကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမာရေးဆိုင်ရာများနှင့်တစ်ကိုယ်ရေးသန့်ရှင်းရေး၊ သံချဆေးကျွေးခြင်းနှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)