ကော့သောင်း ဩဂုတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက် အအုံပန္နက်တင်မင်္ဂလာအခမ်းအနားကို ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက သတ်မှတ်နေရာများတွင် ပန္နက်တင် ပြီးနောက် အမွေးနံ့သာရည်များပက်ဖျန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (၂၀၂၅-၂၀၂၆ ) ဘဏ္ဍာရေးနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ကော့သောင်းခရိုင်ရုံး အလျား ၆၀× အနံ ပေ ၄၀ RCC နှစ်ထပ် (၁၅ပေပိုင်စနစ်)ဖြင့် ဆောက်လုပ်မည့် လုပ်ငန်းအစီအမံများအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြား ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)