ပင်းတယ ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ အိမ်ပုကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပင်းတယမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်သစ်တောစီးမှူး ဦးခန့်မင်းမော်ကဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒုတိယ (အကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် ရည်ရွယ်ကာ ခါတော်မှီ၊ ချယ်ရီ၊ စိန်ပန်းနီနှင့် စိန်ပန်းပြာ စုစုပေါင်း (၁၀၀၀ ) ပင်ကို သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)