အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

အမရပူရ သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ၁၁ နာရီက အမရပူရမြို့နယ် စာရေးဆရာအသင်းနှင့် အောင်မြေသာစံ စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ မြသန်းတင့်ရေးသားသည့် ဧကရီဖွားစောစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဦးစွာ စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့​ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းကရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီးစာဖတ်ဝိုင်းကို အောင်မြေသာစံ စာရေးဆရာအသင်းမှ စာရေးဆရာမဒေါ်နုနကြည် (အမေ့အိမ်)နှင့် စာရေးဆရာ စိုင်းအောင်မိန်း (မိုတိုင်း)တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့ကြသည်။ တက်ရောက်လာသော စာရေးဆရာများနှင့်စာပေ ချစ်သူများကဖွားစော အကြောင်းစာရေးဆရာအများစု ရေးသားခဲ့ကြသော်လည်း ဆရာကြီးမြသန်းတင့်၏ စာပေအရေးအသား၊ အနှစ်သာရများကို အတုယူသင့်ကြောင်းဆရာကြီး၏ အတွေးအခေါ်အယူအဆများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)