ပျော်ဘွယ် ဩဂုတ် ၁၅
ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာလဲ့လဲ့အောင်က နိုင်ငံတော်အနေဖြင့် မိခင်နှင့်ကလေးများ ကျန်းမာဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ကာ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မိခင်နို့ တိုက်ကျွေးခြင်း၏အကျိုးကျေးဇူးများနှင့်အာဟာရချို့တဲ့မှုမဖြစ်စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်နှင့်ကလေးများအတွက် အာဟာရပြည့်ဝသော သံဓာတ်အားဆေးနှင့် အစားအစာများ၊ ကလေးများအတွက်တစ်ကိုယ်ရည် သန့်ရှင်းရေးအသုံး အဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)