ခိုလမ်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ခိုလမ် ဩဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈ နာရီ ၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများမှ လမ်းပြကြယ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းက ကျောင်းဖွံဖြိုးတိုးတက်ရေးအတွက် အလှူငွေများကို ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်ထံသို့ ပေးအပ်ခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများနှင့် ဆရာ/ဆရာမများက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းလိုက် ပညာ‌ရည်ချွန်ဆုရရှိသူများနှင့် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများကို ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက တေးသီချင်းများ မြန်မာ့ရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနား တက်ရောက်လာကြသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)