လေးမျက်နှာ ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ (အ.ထ.က) အိုင်သပြုကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဟုသုတရရှိစေမည့် စာအုပ်စာပေများဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်ရတနာမွန်မွန်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ရွှေက လူငယ်ရေးရာဟောပြောပွဲ ကျင်းပရသည့်ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည်ဆိုးကျိုးများစသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးစီးအရာရှိ ဦးတင်ရွှေနှင့်အတူ မတင်ဇာနည်ကျော် (Grade-11) က လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်အေးချမ်းကို (Grade-11) က လူငယ်နှင့်အနုပညာ၊ မောင်အောင်ဘုန်းမြတ်သွေး (Grade-10) က လူငယ်နှင့်ကျန်းမာရေး၊ မအေးမြင့်မြတ် (Grade-11) က လူငယ်နှင့်အားကစား၊ မောင်နိုင်ဇင်မင်းသန့် (Grade-12) က လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်ကြသာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)