လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဗဟန်း ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်ပြပွဲကို ဩဂုတ်လ ၁၂ ရက်နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားနှင့် အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်တို့အား ပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ စကားပုံဆက်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပန်းချီရေးဆွဲပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း စိတ်ပါ၀င်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

သင်းသင်းစိုး (ပြန်/ဆက်)